Monday, 30 October 2017

အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ခြင်း

ထားဝယ်အမျိုးသားညီလာခံ အတွက် အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ပေးပို့လျှက်ရှိပါကြောင်း။
ထားဝယ်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ






Friday, 27 October 2017

ထားဝယ်အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ကူညီပံ့ပိုးခွင့်ပြုချက်ရရှိပြီဖြစ်ပါသောကြောင့် အရပ်နီးအရပ်ဝေးမှ အသင်းအဖွဲ့စည်းများ ထားဝယ်လူမျိုးများအနေဖြင့် ညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ရန် မိမိတို့တက်နိုင်သည့်အဘက်မှ ပူပေါင်းပါဝင်ကူညီပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
အသေးစိပ်သိရှိလိုပါက (ထားဝယ်လူမျိုးစုစည်းမှု ရုံးခန်း) ပျော်ဘွယ်ကျောင်း ထားဝယ်မြို့တွင်စုံစမ်းနိုင်ပါသည်။


ဒန်းဒူခွမ့်ရေး ရဟို့ရေး ညီလာခံဂို ဦးစားပေး
ဒန်းဒူခွမ့်ရေး ရဃဲ့ဟို့ ညီလာခံဂို သွားဃေ့စို့


Sunday, 9 April 2017

နှစ်ပေါင်း ၂၀၀ ကျော်လာသော ရုပ်ဝတ္ထုပစ္စည်းမှန်သမျှ ဒေသတစ်ခု၏ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် heritage
ဖြစ်သည်။
    ထိုအမွေအနှစ်တို့ကား သမိုင်းအထောက်အထားကိုဖော်ညွှ
န်းသောသက်သေ historic evidence များးဖြစ်သည်။
    ထားဝယ်မြို့ပေါ်ရှိ ရှင်ဥသြဘုရားအနီး၌ရှိသည့်ရွှေကျောင်း
ကြီး၏သက်တမ်းမှာနှစ်ပေါင်း၂၀၀ ကျော်ခဲ့ပြီဖြစ်လေသည်။
   ယခုအချိန်၌အဆိုပါကျောင်းကြီးမှာယိမ်းယိုင်ယိုယွင်းလာပြီ
ဖြစ်၍သံဃာတော်များသီတင်းသုံးနေထိုင်ခြင်းအမှုကိုမပြုနိုင်
တော့ချေ။
   ရွှေကျောင်းကြီးအား ကောဇာ ၁၁၆၅ ခုနှစ်(AD 1803)တွင် ထားဝယ်မြို့ဝန်ဦးဘဦးနှင့်မြို့ဝန်ကတော်ဒေါ်မယ်ကြောင်တို့မှလှူဒါန်းခဲ့သည်။ရှင်ဥသြစေတီ၏အနောက်မျက်နှာ ကျောင်း၏အရှေ့ဘက်မျက်နှာစာအကြား၍ကမ္ဗည်းစာပါဝင်သောခေါင်းလောင်းတစ်လုံးလည်းပါသည်။ထားဝယ်နယ်၌ဒုတိယရှေးအကျဆုံးခေါင်းလောင်းဟုဆိုသည်။
   ရွှေကျောင်းကြီး၏တိုင်လုံးကြီးများမှာယိမ်းယိုင်နေပြီးကြမ်း
ခင်းအချို့ကွာထွက်ကာသတိထား၍နင်းလျှောက်နေရသည်။
သမိုင်းဝင်ပစ္စည်းဖြစ်သော ရွှေကျောင်းတော်ကြီးမြေမခခင်
အချိန်မှီပြင်ဆင်ရန်လိုအပ်နေသည်။
    ယခုစေတနာရှင်တစ်ဦးမှကျောင်းတော်ကြီးအား ဆုံးရှုံးမှုမ
ဖြစ်ပေါ်စေရန်အတွက် အလုပ်သမားများငှားရမ်းကာ လာရောက်ပြင်ဆင်ပေးလျက်ရှိသည်ကိုမြင်တွေ့ခဲ့ရပါသည်။
   အလှူရှင်များကိုလည်းလိုအပ်လျက်ရှိပါသည်။
  ရွှေကျောင်းကြီးအား ထားဝယ်သမိုင်းဝင် ယဉ်ကျေးမှုအမွေ
အနှစ် အဖြစ်ထိန်းသိမ်းသင့်သည်ဟုသာဆိုချင်ပါသည်။

Saturday, 1 April 2017

ကို့သမိုင်းကိုရေးဖို့သာလိုသည်

Image may contain: 1 person
                                   "ဝန္ဒာမိပါ"
အားလုံးသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လွန်တာရှိရင် ဝန္ဒာမိပါ
၁၉၆၄ ခုနှစ်ထုတ်တဲ့ မြန်မာစွယ်စုံကျမ်းမှာ မှားရွင်းစွာဖြင့် ထားဝယ်လူမျိုးသည် ဟိုကဆင်းသက်ဒီကတင်းသက်တယ်ဆိုတာကို-
၁၉၇၁ ခုနှစ်ထုတ် မြန်မာစွယ်စုံကျမ်း အမှာပြင်ဆင်ချက်တွင် ထားဝယ် သည်ကိုင်ပိုင်ယဉ်ကျေးမှုနဲ့ကိုယ်ပိုင်စကားပြောသော လူမျိုးတစ်မျိုးပါဟု ပြင်ဆင်ဖော်ပြပါသည်-
၁၉၈၂ ခုနှစ်ထုတ်ပြန်သော နိုင်ငံသားဖြစ်ခွင် ဥပဒေ မှာ နိုင်ငံသားဖြစ်ထိုက်သူ တိုင်းရင်းသား ၁၃၅ မျိုး စာရင်းမှာ အမှတ်စဉ်(၅၆)ထားဝယ်လူမျိုးဟုပါရှိပါသည်-
ယင်း ဥပဒေကိုအခြေခံသော ၂၀၁၄ သန်းခေါင်စာရင်း ဥပဒေမှာ တိုင်းရင်းသား အကောင့် နံပါတ် ( ၅၀၂)
ဟု ကိုယ်ပိုင်အကောင့်ကိုတရားဝင်ပိုင်ဆိုင်ထားသော ထားဝယ် လူမျိုးဖြစ်ပါသည်။
မိမိလူမျိုး၏
အလံ
တံဆိပ်
အမျိုးသားနေ့
ဓလေ့ထုံးတမ်းဥပဒေကို နိုင်ငံတော်ကပြထမ်းပေးလို့မရပါ ကို့သမိုင်းကိုရေးရမည်သာဖြစ်သည် ဖြစ်လည်းဖြစ်သင့်ပါသည်။ တနင်္သာရီတိုင်းဒေကြီးလူဦးရေ ၁၄သိန်း ၈ထောင်ကျော်မှာ ထားဝယ်လူမျိုးလူဦးရေမည်မျှရှိနိုင်မည်နည်း?


မြို့နယ်အလိုက် စုစည်းဆောင်ရွက်မှု

Image may contain: 2 people, people sitting and table

Image may contain: 3 people, people sitting and indoor

 








ထားဝယ်လူမျိုးစုစည်းမှုတွေ့ဆုံပွဲများပြုလုပ်ရန် အကြို ညှိနှိုင်းမှုများ ထားဝယ်ဒေသအတွင်းဆက်တိုက် ပြုလုပ် ------------------------------------------------------------------------ ထားဝယ်အမျိုးသားညီလာခံအကြို၊ထားဝယ်လူမျိုးစုစည်းမှုတွေ့ဆုံပွဲများကိုထားဝယ်လူမျိုးများရှိသောမြို့၊မြို့နယ်၊တိုက်နယ်နှင့်ဇုန်များ၌ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယင်းတွေ့ဆုံပွဲများပြုလုပ်ပြီးအချိန်တွင်ခရိုင်အလိုက်ထားဝယ်လူမျိုးစုစည်းမှုတွေ့ဆုံပွဲပြုလုပ်သွားမည်ဖြစ်သည်။ ယင်းနောက်ထားဝယ်အမျိုးသားညီလာခံကိုထားဝယ်လူမျိုးစုစည်းမှုကော်မတီ၏ရှေ့ဆက်လုပ်ငန်းစဉ်နှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုအခါထားဝယ်ဒေသအတွင်း ထားဝယ်လူမျိုးစုစည်းမှု တွေ့ဆုံပွဲများပြုလုပ်ရန် အကြိုညှိနှိုင်းမှုများကိုကော်မတီ ၀င်များက ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။

သြ၀ါဒ ခံယူပွဲ

21-2-2017
အင်္ဂါနေ့မွန်းလွဲတစ်နာရီ ထားဝယ်မြို့ကျက်သရေ
ဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပဆင်ရင်အပ်သော
ထားဝယ်တိုင်းရင်းသားလူမျိုး စုစည်းမှုသြဝါဒခံယူပွဲ
အခမ်းအနားကိုချောမောအောင်မြင်စေရန်
အစအဆုံးပြင်ဆင်ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ကြ
သော ကော်မတီ၏လုပ်ငန်းတာဝန်ခံများနှင့်
အဖက်ဖက်မှတာဝန်ကိုယ်စီယူခဲ့ကြသောသူအား
လုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း သတင်းနှင့်
ပြန်ကြားရေးကော်မတီမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်
ပါကြောင်းသတင်းကောင်းပါးလိုက်ရပါသည်။
ပုံ/ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

ထားဝယ်ဒေသ သမိုင်းဝင် ကနန်းတောင် အောင်မြေသို့

11-3-2017
ရေဖြူမြို့နယ်ရှိ ဂဏန်းတောင်၌အများသူငှာအဝေးကနေဖူးမျှော်
ကြည်ညိုသဒ္ဒါပွားများနိုင်ရန်အတွက်ပါစိတ်ကူး၍
တည်ထားကိုးကွယ်ရန်ဆောက်လုပ်နေသည့်
မုနိမဟာမုနိဘုရားဆင်းတုတော်ကြီးတည်ဆောက်
ရေးလုပ်ငန်းခွင်သို့ ထားဝယ်လူမျိုး စုစည်းမှုကော်
မတီဝင်များသွားရောက်လေ့လာခဲ့ကြပါသည်။

ထားဝယ်လူမျိုးစုစည်းမှု အဝေးရောက်ထားဝယ်လူမျိုးများနှင့်တွေ့ဆုံ

24-3-2017
ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက်၌
ထားဝယ်ခရိုင်မှ ဆရာတော်သံဃာအရှင်သူမြတ်များနှင့်
တခြားမြို့ကြီးများမှ ထားဝယ်လူမျိုး စုစည်းမှု
နာယကကြီးများ ထားဝယ်ခရိုင်လူမျိုး စုစည်းမှု
နာယက နှင့်ကော်မတီဝင်များမိတ်ဆက်၍ ထားဝယ်လူမျိုး
များအားလုံးပူးပေါင်းပါဝင်လာနိုင်မည့်
ထားဝယ်အမျိုးသားနေ့ကိုဖေါ်ဆောင်ရန်နှင့်
ထားဝယ်အမျိုးသားညီလာခံကြီးတရပ်ကျင်းပနိုင်
ရန်အတွက်ရှေ့ဆက်ပြုလုပ်ကြမည့်လုပ်ငန်းစဉ်
များဆွေးနွေးညှိုနိုင်းခဲ့ကြသည့်အခမ်းနားတရပ်ကို
အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါသည်။

ပုံ/သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
Image may contain: 1 person, indoor
Image may contain: 2 people, people sitting and indoorImage may contain: one or more people, people on stage, people sitting and indoor

အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ခြင်း

ထားဝယ်အမျိုးသားညီလာခံ အတွက် အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ပေးပို့လျှက်ရှိပါကြောင်း။ ထားဝယ်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ ...