Wednesday, 22 March 2017

ထားဝယ်





-                           ထားဝယ်ဒင်္ဂါး
ခဲဒင်္ဂါးကြီး၏ အရှေ့မျက်နှာစာဘက်မှာ ဖောင်းကြွအ၀ိုင်းထဲတွင် ငှက် ရုပ်ပုံ တခုပါရှိသည်ကို တွေ့ ရပါသည်။
- ဒင်္ဂါးကြီး၏ ကျောဘက်မျက်နှာ၌ ဖောင်းကြွ စက်ဝိုင်းတခုပါရှိပြီး စက်ဝိုင်း အတွင်း အက္ခရာ စာလုံး  များပါရှိသည်။
ဦးအောင်မြင့် (သစ်တောမင်းကြီးရေးသားသော ရတနာမွန်ဆောင်းပါမှ ကောက်နှုပ် ချက်မှာ)
၎င်းခဲဒင်္ဂါးကြီးများနှင့်ပက်သက်ပြီး ရှေးဟောင်းအာရှဒင်္ဂါးများကိုစုဆောင်း၍လေ့လာသုတေသန ပြုသူများအနက် ထင်ရှားသည့် ဗြိတိသျှအမျိုးသားနှစ်ဦးမှာ ဆာအာသာဖယ်ရာ နှင့် ဆာရစ်ချက်တင်ပယ် တို့ဖြစ်ကြသည်။ ရစ်ချက်တင်ပယ်က ထားဝယ် ခဲဒင်္ဂါးကြီးများကို တနင်္သာရီ တံဆိပ်တော်ဟု ဖော်ပြခဲ့ဖူးသည်။ ဖယ်ရာ ကလည်း ၎င်း၏ ၁၈၈၂-ခုနှစ် ထုတ် ရခိုင်၊ ပဲခူးနှင့် မြန်မာဒင်္ဂါးများ လေ့လာချက် စာတမ်း၌ ဤခဲဒင်္ဂါး များကို တနင်္သာရီ တံဆိပ်တော်ဟုပင် ဖော်ပြခဲ့ပြန်သည်။တဖန်-ရစ်ချက်တင်ပယ် က သူထပ်မံရေးသားသည့်
“မြန်မာနိုင်ငံမှဒင်္ဂါးအချို့နှင့်ပက်သက်၍” ဟူသော ဆောင်းပါးစာစောင်၌ တနင်္သာရီတံဆိပ် တော်ဟုပင် သူခေါ်ညွှန်းသည့်အရာများမှာ တံဆိပ်မဟုတ်  
                                           
                                           
ဒင်္ဂါးများပင်ဖြစ်တန်သည်ဟုဖော်ပြပြန်သည်။ ဤဒင်္ဂါးများကို အစောဆုံး သတိပြု မှတ်သားသူများ၏မှတ်တမ်းကို မွှေနှောက် စူးစမ်းရှာဖွေလျက် ၁၆၇၈-ခုနှစ် တွင် ရေးသားမှတ်တမ်တင်ထားသော “တာမင်နီးယားခရီစဉ်” စာတမ်းကို ကိုးကားပြီး ထိုဒင်္ဂါးများသည် ငွေကြေးအဖြစ် အသုံးပြုသည့် ဒင်္ဂါး များပင်သည် မာလာယု(ယခု မလေးရှားနိုင်ငံ) ကေဒါ နှင့် ဗီရတ်ဒေသမှ ဘုရင်များသုံးစွဲသည့် ဒင်္ဂါးများဖြစ်သည်ဟူသော ဖော်ပြထားချက်အရ ဤဒင်္ဂါးများမှာ မလေး ဒင်္ဂါးများပင်ဖြစ်ဖွယ်ရှိ သည်ဟု ရက်ချက်တင်ပယ် ကဆိုပြန်သည်။

ဒင်္ဂါး၏ ကျောဘက်၌ပါရှိသော အက္ခရာများမှာ ဘာသာပြန်၍မရနိုင်သော်လည်း ပါးရှင်း အက္ခရာ များနှင့်တူလှကြောင်း ၎င်းကဖော်ပြသည်။ ဖယ်ရာ နှင့် တင်ပယ်တို့ ရေးသားကြစဉ် နှစ်ပေါင်း ၁၀၀ ကျော်ခန့်က ထိုဒင်္ဂါးများကို မြန်မာနိုင်ငံ၌ ဦးရေ အ မြောက် အများ မြေပေါ် မြေအောက်မှ တူးဖော်ရရှိခဲ့ခြင်း မရှိသေးပေ။
ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ထွက်ခွါသွားကြပြီးနောက် ဂျပန်ခေတ်၌လည်းကောင်း လွတ်လပ်ရေးရပြီး၌ လည်းကောင်း ထားဝယ်နယ်အနှံ ဤခဲဒင်္ဂါးကြီးများကို အသိုက် အအုံနှင့် မြောက်များစွာတွေ့ရှိခဲ့ကြ၏။ အကယ်၍ ဖယ်ရာ နှင့် တင်ပယ်တို့ ယခုကဲ့သို့တွေ့ရှိကြသည်ဆိုပါက ၎င်းတို့၏မှတ်ချက်များတွင်လည်း တမျိုးတဖုံ ကောက်ချက်ချဖွယ်ရှိလေ့မည်ဟု ဆရာကြီးဦးအောင်မြင့်က ရေးသားတင်ပြခဲ့သည်။

ဒင်္ဂါး ဟူသော ဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ ကဗျာ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အလင်္ကာတစ်ခုတွင် “ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော် မှစ၍  ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသော ဝေါဟာရ
ကိုပါဠိစကားလုံး “ဋင်္က” မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိသည်။ “ဘုရင့် တံဆိပ် လက်ရာရှိသောငွေကြေး” ဟု အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာ သည်ဟု ဆိုသည်။
မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေ တတ်တာမို့ အနုဆေးလို့လဲ ခေါ်လောက် ပါရဲ့”  ဟူ၍ တွေ့ရလေသည်။

                                                       
ထို့ထက် ရှေးကျသော ကဗျာတစ်ခုမှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင် နန်းတက် သော ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားလက်ထက် ‘ရှင်ကုမာရကဿပ’ ရေးသားသော (ဓမ္မရာသီပျို့)တွင် “ဆန်းကြယ်တင့်အပ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြု၍ အကုဋေမျှရာမကသား” ဟု စပ်ဆိုထားသည်ကို တွေ့ရသည်။

ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓါန်အကျဉ်းချုပ် အတွဲ၂ (ဆ-န)၌ “တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့် တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေ ငွေ စသည့် သတ္ထုပြား” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိသော ရှေးအကျဆုံး မြန်မာ ဒင်္ဂါးမှာ ပျူမင်းများခေတ်က သုံးစွဲခဲ့သော ပျူဒင်္ဂါးများ ဖြစ်သည်။ ပျူတို့၏ မြို့တော် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကို တွေ့ရှိရသည်။ ၎င်းပျူတို့ သုံးစွဲသည့် ရွှေနှင့်ငွေဒင်္ဂါးတို့၏ ပုံသဏ္ဌာန်မှာ လခြမ်းသဏ္ဌာန် ရှိသည်ဟု ထန်ခေတ်တွင် ရေးသားထားသော တရုတ်သမိုင်း၌ ဖေါ်ပြပါရှိလေသည်။ ပျူဒင်္ဂါးသည် ပျူယဉ်ကျေးမှုခေတ်၏ အလှရတနာ တစ်ပါးဖြစ်သည်။ ပျူဒင်္ဂါးသည် ယနေ့

မြန်မာနိုင်ငံ၌သာ မဟုတ် ကမ္ဘာတွင်လည်း တန်ဖိုးကြီးမားလှသော ရှေး ဟောင်း ပစ္စည်း တစ်ခု ဖြစ်လေသည်။ ပျူဒင်္ဂါး၏ လှပမှုနှင့် ထူးခြားလှသော သင်္ကေတများမှာ တန်ဖိုးမဖြတ်နိုင်သော လျှို့ဝှက်ချက်များ ဖြစ်နေ၏။ ပျူဒင်္ဂါး၏ ဝိသေသ လက္ခဏာ များကို ယနေ့တိုင် မည်သူမျှ တိကျတပ်အပ်စွာ မပြောနိုင်သေးပေ။

ယ္ခုဖော်ပြသော် ထားဝယ်ခဲဒင်္ဂါးကြီးကိုလည်း စာရေးသူကိုယ်တိုင် (၁/၂၀၁၄) မြန်မာနိုင်ငံ ရှေးဟောင်းသုတေ သနနှင့်နည်းပညာ သင်တန်းကျောင်းတွင် ကျောင်းတက် ရောက်ခဲ့ စဉ် ၎င်းခဲဒင်္ဂါး ကြီး ကို ကိုင်၍ ပျူဆရာဟုအများသိသော ဆရာကြီးဦးစိန်ဝင်း (မြန်မာနိုင်ငံ ရှေးဟောင်းသု တေသန နှင့် ပြတိုက်ဦးစီ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ငြိမ်း) နှင့် ဒင်္ဂါး ပါ စာသားများ နှင့် ပက်သက်၍ ဆွေးနွေး ကြည့်သောအခါ ဒီစာသည် ပျူစာမဟုတ်ကြောင်း ရှေးမွန်စာလည်း မဟုတ်ကြောင်း ပျူတို့နဲ့ခေတ်ပြိုင် ဒေသတစ်ခုက အသုံးပြုသော စာဖြစ်နိုင်ကြောင်းကို ဆရာ ကြီး က ရှင်းပြပါသည်။

                                                   
တဆက်တည်းမှာဘဲ ဆရာဦးကျော်ခိုင် (မြန်မာနိုင်ငံရှေးဟောင်းနည်းပညာသင်တန် ကျောင်း နည်းပြ)  နှင့် ဆက်ပြီး ဆွေးနွေးပြန်သည် ဆရာဦးကျော်ခိုင်ကတော့ ဒီဒင်္ဂါး ကိုပြလိုက် တာနဲ့ အတော့ကို စိတ်ဝင်တစားနဲ့ ပြန်ပြောသည် ကျွန်တော်က ဒင်္ဂါးကိုဝါသနာပါလို့ တမင်တကာစုဆောင်းလေ့လာပါတယ် ဒီဒင်္ဂါးကိုတော့ တခါမှ မတွေ့ ဖူးသေးပါဘူး ဒါနဲ့ ဒီစာသာကိုတော့ ကျွန်တော်မပြောနိုင်သေးဘူး ပုံကတော့ နေ၀န်းထဲမှာ စပါးနှံ ကိုက် ချီထားတဲ့ ဥဒေါင်း ဖြစ်နိုင်ကြောင်း ဆရာကြီးဦးအောင်မြင့် (သစ်တောမင်းကြီး)  စာတမ်းမှာ တွေဖူးပါတယ် ဖြစ်လည်းဖြစ်နိုင်ပါတယ် ဘာကြောင့် ဆိုတော့ နေ၀န်း ဆိုကတည်းက' ဒေါင်း' မဟုတ်ယင် 'ယုန်' ဖြစ်ရမယ် ဒီပုံက ယုန် တော့မဟုတ်ပါဘူး ကျွန်တော်တို့ ပညာရှင်တွေနဲ့ဆွေနွေးကြပြီး ထားဝယ်ကြီးဆီ အကြောင်း ပြန်ပေးပါ့မယ်လို့ ကျွန်တော်ကို ကတိဝန်ခံခဲ့ပါတယ်။ သူကတိအတိုင်ဘဲ ဆရာဦးကျော်ခိုင် သည် ၂၄.၁၂.၂၀၁၄ နေ့မှာ ၀မ်းသာအားရနဲ့ ဖုန်းဆက်တယ် ထားဝယ်ကြီး ဒင်္ဂါးကို ဆရာကြီးတွေက ပျူခေတ် နဲ့ ခေတ်ပြိုင် ဒင်္ဂါး ဖြစ်ကြောင်းပြော လိုက်ပါသည်။  ၎င်းဒင်္ဂါးကြီးသည် ကျွန်တော်တို့ ထားဝယ်ဒေသတွင် နေရာအနှံအပြားမှာ တွေ့နိုင်ပါသည် ပြလိုက်တာနဲ့ ထားဝယ် ဒင်္ဂါး ကြီး လို့ အများသိနေကြပါသည်။
အဘယ်ခေတ် ဘယ်အခါ အဘယ်မင်းလက်ထက်မှာ သွန်းလုပ်ခဲ့သည်ကိုသာ တိတိကျကျ မပြောနိုင်ကြပါ ထားဝယ်ခရိုင် လောင်းလုံးမြို့၏ အရှေ့ ဘက်တွင်တည်ရှိသော ဝေဒီမြို့ဟောင်း အနီးတွင် အများဆုံးတွေ့ရလို့ ဝေဒီဒင်္ဂါး ဖြစ်ကြောင်းပြောကြပါသည်။
တချို့သောသူတို့မှာ ငါတို့ငယ်ငယ်ကကစားခဲ့ဖူးကြောင်းနှင့် ထားဝယ်မြို့ပေါ်မှာစုပြီး ဘထရီအိုးလုပ်ရာ၌ ခဲအသုံးပြုရန်အလိုငှါ အရည်ဖော်ခဲ့ဖူးကြောင်းကိုလည်း ပြောကြ ပါသည်။

ဆရာကြီးဦးမောင်လေးတင့် ထားဝယ် ရေးသော (လွန်ခဲ့သောနှစ်တစ်ရာကျော်က ထားဝယ်နှင့် ထားဝယ်ရေးရာဆောင်ပါးများ စာ-၁၃၂) မှာခဲဒင်္ဂါးများ ထားဝယ်တွင်ခဲကိုသွန်းလုပ်သော ခဲပြားကြီးများ(သို့မဟုတ်)  ခဲပြားပိုက်ဆံ  
( Tin Pices) များကိုတွေ့ရကြောင်း၊ အင်္ဂလိပ် စစ်တပ်တွင် ပါလာသော မာဒရပ်ဒင်္ဂါး (Madras Rupee)နှင့် တန်ဖိုးချင်းညှိနှိုင်းကာ လဲလှယ်ပေးကြရကြောင်း တွေ့ရပါ သည် ဟုဖော်ပြထားပါသေးသည်။

                                                   

                                                     
မည်သို့ပင် ဆိုစေကာမူ ဤခဲဒင်္ဂါးကြီး များစွာကို ထားဝယ်ဒေသကို ကိုယ်စားပြု နေထိုင်သော ထားဝယ်(ဒွယ်)လူမျိုးများ ရှေးယခင်အဆက်ဆက်က များပြားစွာ အသုံး ပြု သုံးစွဲခဲ့ကြသော မူပိုင် ငွေ ပိုက်ဆံ(သို့မဟုတ်) ဒင်္ဂါးများဖြစ်နေသည်ကို ထင်ရှားပါ ကြောင်း ပြောလိုပါသည်။

စာရေးသူသည် ကလောင်ကိုင်သော လက်မဟုတ်ပါသောကြောင့် စေပေ နှင့်ရင်းနှီးမှု သိပ် မရှိဘဲ ဒေအတွင်း မြင်တွေ့ခဲ့ရသော အတွေ့ကြုံနှင့် လေ့လာမှတ်သားသမျှ လေးများကို စာအမြည်းဖြစ် တင်ဆက်ခဲ့ခြင်းဖြစ်ပါသောကြောင့် စာဖတ်သူများ မနှစ်ခြိုက်ဘဲအားရမှုနည်းနေလေ့မည် စာရေးသူ၏ အားနည်းချက် လိုအပ်မှုများ စွာရှိလေ့ မည်ကိုဝန်ခံပါသည်။
(ပြင်ဆင်ဖတ်ရှုပေးကြတော်မူပါရန် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။)

ထို ခဲမဖြူဒင်္ဂါးကြီး အပြင် ထားဝယ်ဒေသမှာ စာအရေးသားပီပြင် ထင်ရှာသော ခဲမပုတ်ဒင်္ဂါးမျိုး စုံ ကိုလည်း တွေ့ ရပါသေးသည်။
ဒင်္ဂါးပါ ရုပ်ပုံများမှာ တိုး၊ နဂါးဖောင်၊  ကြက်ဖ၊ ဘဲဟင်္သာ၊ ခရုသင်း၊ သီရိဝစ္စ အစရှိသော  ဒင်္ဂါး များကိုလည်းတွေ့ရပါသေးသည်ကိုလည်း တင်ပြအပ်ပါသည်။

ဦးအောင်မျိုး
(ထားဝယ်)ရှေးဟောင်းသုတေသီ
(၁/၂၀၁၄) ရှေး/သု(ပြည်)

အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ခြင်း

ထားဝယ်အမျိုးသားညီလာခံ အတွက် အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ပေးပို့လျှက်ရှိပါကြောင်း။ ထားဝယ်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ ...