Sunday, 9 April 2017

နှစ်ပေါင်း ၂၀၀ ကျော်လာသော ရုပ်ဝတ္ထုပစ္စည်းမှန်သမျှ ဒေသတစ်ခု၏ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် heritage
ဖြစ်သည်။
    ထိုအမွေအနှစ်တို့ကား သမိုင်းအထောက်အထားကိုဖော်ညွှ
န်းသောသက်သေ historic evidence များးဖြစ်သည်။
    ထားဝယ်မြို့ပေါ်ရှိ ရှင်ဥသြဘုရားအနီး၌ရှိသည့်ရွှေကျောင်း
ကြီး၏သက်တမ်းမှာနှစ်ပေါင်း၂၀၀ ကျော်ခဲ့ပြီဖြစ်လေသည်။
   ယခုအချိန်၌အဆိုပါကျောင်းကြီးမှာယိမ်းယိုင်ယိုယွင်းလာပြီ
ဖြစ်၍သံဃာတော်များသီတင်းသုံးနေထိုင်ခြင်းအမှုကိုမပြုနိုင်
တော့ချေ။
   ရွှေကျောင်းကြီးအား ကောဇာ ၁၁၆၅ ခုနှစ်(AD 1803)တွင် ထားဝယ်မြို့ဝန်ဦးဘဦးနှင့်မြို့ဝန်ကတော်ဒေါ်မယ်ကြောင်တို့မှလှူဒါန်းခဲ့သည်။ရှင်ဥသြစေတီ၏အနောက်မျက်နှာ ကျောင်း၏အရှေ့ဘက်မျက်နှာစာအကြား၍ကမ္ဗည်းစာပါဝင်သောခေါင်းလောင်းတစ်လုံးလည်းပါသည်။ထားဝယ်နယ်၌ဒုတိယရှေးအကျဆုံးခေါင်းလောင်းဟုဆိုသည်။
   ရွှေကျောင်းကြီး၏တိုင်လုံးကြီးများမှာယိမ်းယိုင်နေပြီးကြမ်း
ခင်းအချို့ကွာထွက်ကာသတိထား၍နင်းလျှောက်နေရသည်။
သမိုင်းဝင်ပစ္စည်းဖြစ်သော ရွှေကျောင်းတော်ကြီးမြေမခခင်
အချိန်မှီပြင်ဆင်ရန်လိုအပ်နေသည်။
    ယခုစေတနာရှင်တစ်ဦးမှကျောင်းတော်ကြီးအား ဆုံးရှုံးမှုမ
ဖြစ်ပေါ်စေရန်အတွက် အလုပ်သမားများငှားရမ်းကာ လာရောက်ပြင်ဆင်ပေးလျက်ရှိသည်ကိုမြင်တွေ့ခဲ့ရပါသည်။
   အလှူရှင်များကိုလည်းလိုအပ်လျက်ရှိပါသည်။
  ရွှေကျောင်းကြီးအား ထားဝယ်သမိုင်းဝင် ယဉ်ကျေးမှုအမွေ
အနှစ် အဖြစ်ထိန်းသိမ်းသင့်သည်ဟုသာဆိုချင်ပါသည်။

အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ခြင်း

ထားဝယ်အမျိုးသားညီလာခံ အတွက် အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ပေးပို့လျှက်ရှိပါကြောင်း။ ထားဝယ်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ ...