အာဇာနည် မချစ်ပို
(သူမဆီသို့သွားကတော့ရင်း မဟာအံ့ထူးကံသာမှာအမျှဝေခဲ့ဖူးသည်)
သူရအမှတ်စဉ်
နိုင်ငံတော်အစိုးရ ပြည်ထဲရေးဌာနမှ ၁၉၆၂ ခုနှစ်တွင်
ထုတ်ပြန်သော ၁၉၄၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ သင်္ဂဟ၊ အဆောင်အယောင် ဘွဲ့တံဆိပ်များဖြင့် ချီးမြှင့်ခြင်း
ခံရသူ များ၏ အမည်စာရင်းတွင် “သူရ”
စွမ်းရည်ဘွဲ့စာရင်း အမှတ်စဉ်-(၄၄) တွင် မချစ်ပို (ကွယ်လွန်သူ)
ထုံးဘိုရပ် ပြင်ဦးလွင်ဟုဖော်ပြထားလေသည်။
ပြင်ဦးလွင်တိုက်ပွဲများ၌
ပါဝင်ခဲ့သော ဘီအီးတပ်မှ ထမင်းချက်တပ်သား လှမောင်၏ ဇနီး တိုက်ပွဲ များ တွင် ရွပ်ရွပ်ချွံချွံ
တိုက်ခိုက်ပြီးနောက် ကျဆုံးခဲ့ရသူ အာဇာနည်အမျိုးသမီးတစ်ဦးအား ဂုဏ်ပြုချက်ပင် ဖြစ်ပေသည်။
ကိုရေးအကျဉ်း
မချစ်ပိုသည်(၈.၄.၄၉)ရက်အသက်(၄၂)နှစ်တွင်ကျဆုံးသွားခဲ့ရှာပေသည်။တနင်္သာရီတိုင်းဒေသ ကြီး
လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ဦးဖိုးတိုး+ဒေါ်မဆိုးတို့မှ
၁၉၀၇ ခုနှစ် တွင် မွေးဖွား ခဲ့သည်။ ညီအစ်ကိုမောင်နှမများအနက် ၆ ယောက်မြောက် သမီးရတနာဖြစ်
သည်ဟုလေ့ လာတွေ့ရှိရပါသည်။ မောင်လေးဖြစ်သူ တင်မောင် ဘီးအီးတပ်ထဲသို့ဝင် လိုက်သွား
သည်ဟုကြားရ သဖြင့် လိုက်ရှာရင်း ပြင်ဦးလွင်ရှိ ဦးကြွယ်+ဒေါ်ပု တို့အိမ်တွင်နေဖြစ်သွားသည်။ ဦးကြွယ် တို့နှင့်
ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုလိုက်သည်။
သမိုင်းတွင်သော သူမစကားလုံး
“စစ်သားမယားဟာ
စစ်သမီးပဲပေါ့” ပြင်ဦးလွင်ကို KNDO
သိမ်းစဉ်က သူရမချစ်ပိုအား တပ်မှူးဗိုလ်ကြီးဘဖြူမှ “ကဲ….. မချစ်ပို ခင်ဗျားတာဝန်ယူနိုင်မယ်ဆိုရင် ခင်ဗျားကို
မိန်းမ ထောက် လှမ်းရေး လုပ်ခိုင်းရမှာပဲ။ ရန်သူရဲ့လက်နက်ကြီးတွေ၊ စစ်သေနတ်တွေပစ်တဲ့နေရာကို
ကျွန်တော်တို့ သိချင်တယ်။ ခက်တာက ဘီအီးတပ်ကုန်းဘက်ထွက်လိုက်ရင် ယောက်ျား မှန်သမျှကို
ရန်သူကဖမ်း တယ်၊ ပစ်တယ်၊ ခင်ဗျားတို့ မိန်းမတွေကျတော့ ဟိုဘက်ဒီဘက်ကူးပြီး ဈေးရောင်း
နေကြတာ တွေလည်းရှိတော့ ရိပ်မိမှာမဟုတ်ဘူး။ မချစ်ပို ဘယ်လိုသဘောရလဲ” ဟု ဘီအီး တပ်ဗိုလ်ကြီးဘဖြူက တာဝန်ပေး မေးလိုက်သောအခါ မချစ်ပိုမှ ဖြစ်ပါတယ်
“စစ်သားမယားဟာ
စစ်သမီးပဲပေါ့” ဟူသော
တပ်မတော်မိသားစုတွေအကြားမှာ ယနေ့အချိန်ထိ သမိုင်းတွင်တဲ့စကားကိုပြောခဲ့ပါသည်။
သူမ တောင်းဆိုမှု
“ ကျွန်မ လုံချဉ်နဲ့
သွားလာရတာ လှုပ်ရှားလို့ သိပ်မလွယ်ဘူး။ ကျွန်မ ဘောင်းဘီဝတ်မယ်။ ပြီးတော့ လက်ပစ်ဗုံးက
နေရာတိုင်းသုံးလို့မရဘူး။ သေနတ်နဲ့ဆိုပိုကောင်းမယ်။ နေ့ဘက်မှာ ကျွန်မထောက် လှမ်းထားတဲ့နေရာတွေကို
ညဘက်မှာ ကျွန်မရှင်တို့နဲ့အတူ လိုက်တိုက်မယ်။”
သူမနဲ့ ခြောက်လုံးပြူး
မချစ်ပို၏ တင်ပြတောင်းဆိုချက်ကို
ရဲဘော်များက ဗိုလ်ကြီးဘဖြူထံဆက်၍ သတင်းပို့လိုက်သည်။ ရိုင်ဖယ်နဲ့တော့ မကောင်းပါဘူးဟုဆိုကာ
ခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။
ကင်ဒိုဓား နဲ့ သူမသတ္တိ
“ကဲ….မချစ်ပို ခင်ဗျားရဲ့ လှုပ်ရှားမှုတွေးလုံးကို အတိအကျ သိထားပြီးပြီ။ ငြင်းဖို့
မကြိုးစားပါနဲ့။ ခင်ဗျားကြောင့်
ကျုပ်တို့အဖွဲ့တွေ အတော်အထိနာကုန်ပြီး။ ဒီတော့ ခင်ဗျား ကျုပ်တို့  နောက်ကို လိုက်ခဲ့ပါ”
သတ္တိရှိရှိနဲ့ပဲ “အေ…….ငါလိုက်ခဲ့မယ်”
မချစ်ပိုက ထွက်ပြေးဖို့
မကြိုးစား။ “ဓား”တို
ကိုသာ ၀ှက်ပြီးယူလိုက်သည်။
“အောင်မလေး….
တို့ကို ဓားနဲ့ ပြန်ထိုးတယ်ဟ” အံသွားကိုနုတ်ဖို့
ကြိုးစားနေကြသူများမှာ အော် ဟစ်ပြီး ပြိုလဲကျသွားပြန်သည်။ မချစ်ပိုကား နောက်ဆုံး အချိန်ထိပင်
ရန်သူကို ခုခံ ကာကွယ်
သွား ရှာသည်။
သူရမချစ်ပိုရုပ်ပန်းခြံဖြစ်မြောက်ရေးအတွက်ရည်ရွယ်သည်
ဦးအောင်မျိုး
ထားဝယ်ရှေးဟောင်းသုတေသီ
(ရှေး/သု
ပြည်)