Saturday, 25 March 2017

သဘောထားကြေငြာချက်



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် ထားဝယ်တိုင်းရင်း သားမျိုးနွယ်စုစည်းမှု သြ၀ါဒခံယူပွဲကို ၁၃၇၈-ခုနှစ်၊ တပိုးတွဲလဆုတ်(၁၀)ရက် (၂၁..၂၀၁၇)၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ထားဝယ်လူမျိုးများ စုစည်းမှုကို ရှေ့ဆက်ပိုမို ဆောင်ရွက်နိုင်ရန်အတွက် ယခင်ဖွဲ့စည်းထားသော (ထားဝယ်တစ်မျိုးသားလုံးဆိုင်ရာအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကော်မတီ)အား ဖေဖော်ဝါရီ  (၂၄)ရက်နေ့ တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထားဝယ်တစ်မျိုးသားလုံး ကိုယ်စားပြုသော(ထားဝယ်လူမျိုးစုစည်းမှု) ကော်မတီအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
ယင်းကော်မတီသည် ထားဝယ်လူမျိုးအရေးကို ကော်မတီ၏ချမှတ်ထားသော လုပ်ငန်းစဉ်များ နှင့် အညီလုပ်ဆောင်သွားမည် ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံရေးပါတီ တို့၏ အရေး အတွက်မှ(လုံးဝ)လုပ်ဆောင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

                                                                         
                                                                    (ထားဝယ်လူမျိုးစုစည်းမှုကော်မတီ)

 ရက်စွဲ- ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄)


No comments:

Post a Comment

အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ခြင်း

ထားဝယ်အမျိုးသားညီလာခံ အတွက် အဝေးရောက်ထားဝယ်လူမျိုးများအားဆက်သွယ်ပေးပို့လျှက်ရှိပါကြောင်း။ ထားဝယ်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ ...