မွေး ဓလေ့
ကိုးလလွယ် ဆယ်လမွေးခြင်း
ကိုယ်ဝန်ဆောင် မိခင်များသည် သန္ဓေသားမိမိဝမ်း၌လွယ်ပြီးသည်နှင့်
(ဝေါန်းဂီးနာစွဲ) ချဉ်ခြင်းတက်
ချဉ်ခြင်းတက်သည် ထားဝယ်မှာတော့ (မ္လေခဲ)“မြေခဲ” ကိုစားလေ့ရှိကြပါသည် မြေခဲစားခြင်သည် မွေးဖွားရလွယ်ကူသည်ဟုအယူအဆရှိကြပြီးညအိပ်ရာဝင်ချိန်ရောက်လျှင်လည်းဆနွှင်းဥကို ထောင်းထု၍ရသော(နွှမ်း)“ဆနွှင်း”မှုန့်ကိုကွမ်းစား“ထုံး”နှင့်ဖျော်ပြီးသောက်ပါတယ်၎င်းဆနွှင်းဖျော်ရည်ကိုကိုယ်ဝန်နှင့်ခြေလက်တို့မှာလည်းလိမ်းပါသေးသည်။၎င်းဆနွှင်းဖျော်ရည်လိမ်းခြင်းနှင့်သောက်ခြင်းသည်ကိုယ်ဝန်ထဲ ၌ “လေ” လျှော့နည်းစေသည်ဟု ယုံကြည်ကြပြီး တစ်လ တစ်ကြိမ် လက်သယ် ထံမှာ လေခွဲ ခိုင်းပါသေးသည်။
(မီးယပ်ထာန်း) မီးဖွားရန်ထင်း
ခင်ပွန်းဖြစ်သူက မီးဖွားသည်အချိန်မှာ သုံးပြုလို့ရအောင် ထင်းရှာရပါတော့သည် ထင်းမှာ ခုနှစ် ရက်တစ်ပတ်လုံးနေ့ညမပြတ်မီးမွေးထားဖို့လိုလောက်အောင်စုဆောင်းထားရပါသည်ထင်းကိုတွေ့ရာသစ်သားနှင့်သုံးလို့မရပါ အသုံးများသော ထင်းမှာ ၁။မန်းကျီးသား ၂။ရှောက်သား ၃။ မြယာသား (ဗြင်းဖံဟှား) တို့ဖြစ်ကြပါသည်။ ၎င်း ထင်းကို ထားဝယ်အခေါ်(မီးယပ်ထာန်း) ဟုခေါ်ပြီး ထင်းကို အိမ်အရှေးလှေကားအောက်တွင်ပုံ၍ထားရပါသည် ၎င်းထင်းပုံအပေါ်သို့ ခွေးနှင့်တိရ စ္ဆာန်များ မတက်ရလေအောင် အထူးဂရုပြုပြီး ဆူးခက်များဖြစ်ဖုံးအုပ်ထားရပါသည်။
တစ်ဆက်တည်းမှာမီးဖွားချိန်မှာအသုံးပြုလို့ရန်“အုတ်ပိုင်းကျိုး”နှင့်“၀ါးညှပ်”(အုညှပ်) ကလေးရေ ဆေးရန်မြေခွက် ထားဝယ်အခေါ်(သားဆေးခွပ်) တို့ကိုပါ ထင်းပုံအပေါ်အဆင်သင့်တင်ထားရပါ သည်။
(မီးကာန်) မွေးဖွားချိန်
မိခင်ဖြစ်သူသည်ကိုးလလွယ်ဆယ်လပြည့်သောအခါမယ်ကလေးမွေးပါတော့သည်။ကလေးမွေး သည်နှင့်တစ်မြိုင်နက်စုဆောင်းထားသောထင်းကိုမီးဖိုပြုလုပ်၍မီးစမွေးရပါတော့သည်ကလေးရေ ဆေးခွက်နဲ့ ကလေးကိုရေဆေးပေးပြီး အနှီးဖြစ်ထုပ် မီးဖိုနဘေးမှာ မီးစကင်ရပါတော့သည်။
(အုထိုး) အုတ်ပူကပ်ခြင်း
အုတ်ပိုင်းကျိုးကို မီးဖုတ်ပြီး နီရဲလာသောအခါဝါးညှပ်နှင့်ကိုင်၍ကလေးရေဆေးခွက်ထဲကရေနှင့်ပြန် သပ်ပြီး အနှီးပိုင်းနှင့်ထုပ်၍မိခင်ဖြစ်သူ၏ ခါးနှင့် ၀မ်းပိုက်တို့ကိုလိုအပ်သလိုကပ်ရပါသည်။
(သားကောန့်မား) ကလေးကောက်သူ
ကလေး မွေးတဲ့ အချိန်မှာ ကလေးကောက်သူ (ထားဝယ်အခေါ် သားကောန့်မား)ဖြစ်သူကို အကျင့် သီလ ကောင်း သောသူကိုသာရွေးလေ့ရှိပါသည်။ စရိုက်ကြမ်းတမ်းသူကောက်ပါက မွေးလာသော ကလေးမှာ ကောက် တဲ့သူဘက်ကစရိုက်လိုက်တက်သည်ဟု အယူအဆရှိပါသည်။
(ရှဉ်းအိုးမှေ္လာက်) ချက်မြှုတ်ခြင်း
ကလေးမွေးဖွားလာပြီးသော အခါ လက်သယ်မှ ကလေးချက်ကို (ဘောန့်ဖတ်) ဖက်ဖြူ ဖြစ်ထုတ် ပေး လိုက်သောအခါ ဖခင်ဖြစ်သူက ယောက်ျားကလေးလား မိန်းကလေးလားမေးရပါသည်။ မေးရခြင်းအကြောင်းရင်းမှာ ကလေးသည် ယောက်ျားလေးဆိုပါက ချက်ကိုနေအိမ်၏ အရှေ့ မျက် နှာမှာမြှုတ်ရန် နှင့် မိန်းကလေးဖြစ်ပါက နေအိမ်၏ နောက်ဖေး တွင်ချက်မြှုတ်နိုင်ရန်မေးရခြင်း ပါသည်။
(သွီးညှိ) သွေးညှိခြင်း
လက်သယ်ဖြစ်သူကထားဝယ်စကားနှစ်အော်ပြောလိုက်သည်မှာ(ဖတ်ဆိုး)ယူလာ အိမ်၌အမိုးမိုး ထားသောဓနိခြောက်ကိုယူလာခိုင်းပါသည်။ မီးဖွားခါစမိခင်မှာ သွေးတက်ခြင်း သွေးကျခြင်းများ ဖြစ်တက်သောကြောင့်သွေးညီအောင် ဓနိခြောက်ကို မီးရှို့ပြီးဆနွှင်းမှုန့်အနည်းငယ်ထည့်၍ ရှူခိုင်း သော ဓလေ့ရှိပါသည်။ (ဖတ်ဆိုးရှူ)
ထိုကဲ့သို့သော“မွေးဖွာခြင်းဓလေ”့သည်လည်းထားဝယ်လူမျိုးများသမိုင်းတစ်ခုရှိကြောင်းဥာဏ်မီ သလောက် မှတ်တမ်းပြုပါသည်။
၁၁၊ .ဖေဖော်ဝါရီ ၊၂၀၁၇
ဦးအောင်မျိုး
ထားဝယ် သမိုင်းသုတေသီ
၁/၂၀၁၄ ရှေး/သု(ပြည်)
ဓါတ်ပုံ ခရစ်တင့်
No comments:
Post a Comment